ခုလို ကျွန် တော် ဆိုက်လေးကိုအားပေးတာ thank

ခုလို ကျွန် တော် ဆိုက်လေးကိုအားပေးတာ thank

Wednesday, August 5, 2015

အင်စပက်တော် မင်းမောင် နှင့်သေမင်းတမာန့် အပိုင်း(1)

မိုးတွေက ညမိုးချုပ်အချိန် အမှောင်ရိပ်နဲအပြိုင် အရမ်းသည်းနေသည်။ညောင်ပင်သာတရွာလုံး တိတ်ဆိတ်ညိမ်သက်နေသော်လည်း ရွာအစွန် တဲအိမ်ကလေးမှဖယောင်းတိုင် မီးလေးတချောင်းက လင်းလက်ရှိသည်။အသက်19နှစ်သာသာရှိသော ကောင်လေးတယောက် စာအုပ်တအုပ်ကလေး တအုပ်အားကြည်နေသည်။အဝေးကကြည်နေလျင် စာဖတ်နေရသည်ဟုထင်ရသော်လည်း သူကြည်နေသည်ကားစာမျက်နာများ မဟုတ်ပဲ စာအုပ်ကြားမှဓာတ်ပုံလေးကို သာမျက်တောင်မခက်ကြည်နေသည်။ပတ်ဝန်းကျင်သည်ကား မိုးများနဲ ။
ကောင်လေးနာမည်ကား မင်းခန့်မင်း။သူတွင် မိဘများမရှိတော
သူလူမှန်းသိတက်စအရွယ်ကပင် မိဘများဆုံးပါးသွားသည်။အသက်80သာသာရှိသောအဘနှင့်သာ ရွာအစွန်တဲလေးတွင် နေထိုင်သည် မင်းခန်လေးငယ်စဉ်က အဘလုပ်သူဦးညိုမောင်မှာ သန်သန်မှာမှာလုပ်နိင်သော်လည်း ခုချိန်တွင်အသက်ကြီးပြီမို မင်းခန့်လေးကသာ အဘလုပ်သူကို ရှာဖွေကျွေးမွေးရသည်။
မင်းခန်သည် ရွာထဲတွင်လည်းမည်သူအလုပ်မဆို ကူညီလုပ်ကိုင်ပေးတက်သည်။ထိုကြောင့်လည်း ရွာသူရွာသားများက
''မင်းခန် ..,ဒီနေ အိမ်မှာ ငါးရံအူဟင်းလေးချက်တယ်ဟေ့ နင်အဘကြီး ကြိုက်တယ်မလားး အေးးအေးး အိမ်ပြန်ရင်ယူသွားဦးဟနော်''ဤသို ဟိုလူကဟင်းတခွက် ဒီလူကဟင်းတခွက်နဲ မင်းခန်တို မြေးအဖိုးအတွက် ဝမ်းစာပူပင်စရာမလို ။ဒါကလည်း မင်းခန်ရဲ သူတပါးအပေါ်သိတက်မူ မေတ္တာရောင်ပြန်။
''မိုးတွေရွာနေတယ် ဖြစ်ပါမလားကိုနေထွန်း''

''ဖြစ်ပါတယ် .,ငါတိုဒီညရောက်မှ ဖြစ်မယ် ...ဟိုဘက်ကလက်ဦးမူရသွားရင်ဘယ်လိုလုပ်မလဲ''
အမျိုးသမီး လက်ခံသောအမူအရာဖြင့် ဘာစကားမှထွက်မလာတောချေ။ထိုလင်မယားနစ်ယောက်လည်း မိုးရွာနေသောကြောင်ကားကိုအရိန် သိပ်ပြင်းပြင်းမမောင်းပဲအနေတော်လေးသာမောင်းလာခဲ့သည်။လမ်းခရီးကား တောင်းကြီးမှ ရပ်စောက်မြိုသိုသွားသောလမ်းဖြစ်သည်။တောင်ပေါ်မြိုများဖြစ်သည်အတွက့် ချောက်ကမ်းပါးများက ကားတချက်အစောင်းမခံပေ။
6နာရီကြာ ကားလေးမှာခရီးနင်လာခဲ့သည်။ အောင်ပန်းမြိုသိုပင် ရောက်ချေပြီ။
ထိုနှင့် မနက်5:30အချိန်လောက်မို စောစောဖွင့်တဲ့လဖက်ရည်ဆိုင်မှ လက်ဖက်ရည် မုန်များစားကာ မနက်စာကိုအပြီးသတ်လိုက်ကြသည်။
''ကိုနေထွန်း ရှင်ပြောတော့ ညရောက်မယ်ဆို ခု ခရီးကဝေးလှကြီးလား'' ဟု အမျိုးသမီးမှာစိတ်ပျက်သောလေသံဖြင့်ပြောလေသည်။သိုသော် လူကြီးမှာဘာမှမကြားသလို လက်ဖက်ရည်ကို တငုံချင်းသောက်နေလေသည်။လူကြီးမှာ လက်ဖက်ရည်ကုန်သည်နှင့် ကားဆီသိုထသွားသည်။အမျိုးသမီးမှာလည်း စားပွဲထိုလေးအားလှမ်းခေါ်ကာပိုက်ဆံအိတ်ထဲမှ တစ်ဆယ်တန် တစ်ရွက်ကိုထုတ်ပေးလိုက်သည်။
''ပြန်အမ်းမနေနဲ ...ပိုတာနင်ယူလိုက်''ဟုဆိုကာ ကားဆီသို့ အရေးကြီးဟန်ဖြင့်တက်သွားလေသည်။
''ဟိဟိ ပျော်လိုက်တာ ငါတော့ ပွတာပဲ 7ကျပ်တောင်မှ ''။ကားလေးကတော့ လက်ဖက်ရည်ဆိုင်မှ ထွက်သွားချေပြီ၊

No comments:

Post a Comment