ခုလို ကျွန် တော် ဆိုက်လေးကိုအားပေးတာ thank

ခုလို ကျွန် တော် ဆိုက်လေးကိုအားပေးတာ thank

Thursday, August 13, 2015

Singapore နိင်ငံရှိ သရဲခြောက်သော ဆေးရုံ

စင်ကာပူနိင်ငံရှိ ဆေးရုံ
=================
S'pore old Changi Hospital

ယနေ့အချိန်မှာတောစင်္ကာပူ ဟာ တိုးတက်လာတဲ့ကျွန်းနိုင်ငံလေးတစ်ခုပါ နောက်ပြီး ကမ္ဘာပေါ်မှာ အလျင်အမြန်တိုးတက်လာတဲ့နိုင်ငံတစ်ခုဆိုလဲမမှားပါဘူး စင်္ကာပူလူမျိုး အများစု ကတော့ တရုတ်လူမျိုးကနေဆင်းသက်လာတာ လည်း သိပြီးလောက်ပါပြီ ၄င်းကျွန်းလေးဟာ အီကွေတာ ရဲ့ မြောက်ဘက် 85 မိုင် နှင့် အရှေ့တောင်အာရှ Malaysia Peninsula မလေးကျွန်းဆွယ်ရဲ့ တောင်ဘက်ယွန်းယွန်းလေးမှာ တည်ရှိနေပါသည်။
စိတ်မကောင်းစရာကတော့ ဟိုးအရင်ကဖြစ်ခဲ့ဖူးတဲ့
အတိတ်ဆိုး တွေကြောင့် ဒီနေ့ သိပ္ပံခေတ်ကြီးမှာတောင် နေရာတော်တော်များများမှာ သရဲခြောက်တဲ့ ပြဿနာ ဖြစ်နေပါတယ် ။
သရဲခြောက်ပါတယ်ဆိုတဲ့နေရာထဲမှာမှ လူတော်တော်များများ အသိအမှတ်ပြုထားတဲ့ အဆောက်အဦးတစ်ခုက Old Changi Hospital ဘဲဖြစ်ပါတယ်။
Old Changi Hospital ကို 1935 ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ဗြိတိသျှ အင်ပါယာ လက်အောက်ရောက်ရှိနေစဉ်မှာ စစ်ဆေးရုံ တခုအနေနှင့် ရော စစ်တန်းလျား အနေနှင့်ပါအသုံးချခဲ့ကြပါသည်။
1940 ခုနှစ်မှာဗြိတိသျှတွေက စစ်ဌာန ချုပ် အနေနှင့် အသုံးပြုနေစဉ်မှာဘဲ 1942 မှာ ဂျပန်ကတိုက်ခိုက် သိမ်ပိုက်ခဲ့ပြီး တစ်နိုင်ငံလုံးကို ထိမ်ချုပ်ခဲ့ပါတော့သည်။
ဂျပန်တွေက Changi hospital ကို အကျဉ်းသားထိမ်းချုပ်ရေး စခန်းအနေနဲ့အသုံးချခဲ့ကြပြီး Australians Indian ,Malays လူမျိုး Antijapan ဂျပန်ဆန့်ကျင်သူမှန်သမျှကို ဂျာမန် အကျဉ်းထောင် Gestapo အတိုင်း ရက်ရက်စက်စက် နိပ်စက် ခဲ့ကြပါတယ် ။
ဟီရိုရှီးမား အနုမြူ ဗုံး ပေါက်ပြီး ဂျပန်တွေ စစ်ရှုံးတော့ ၄င်းဆေးရုံကို ဗြိတိသျှတွေက ပြန်လည်သိမ်းယူပြီး ဗြိတိသျှ ဆေးရုံအဖြစ်ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။
တစ်ကယ်တော့ 1940 ခုနှစ် အနှောင်းပိုင်းကာလမှာ စတင်ပြီး ဆေးရုံကြီးက သရဲခြောက်တယ် ဆိုပြီး နာမ်မည်ကြီးနေပါပြီ 1997 ခုနှစ်မှာတော့ မျက်မြင်သက်သေ လူထောင်ပေါင်းများစွာ ရဲ့ ထွက်ဆိုချက်အရ ပုံမှန်မဟုတ် လှုပ်ရှားမှုတွေ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေကြောင့် 1997 မှာ ဆေးရုံကြီးကို လူတွေစွန့်ခွာခဲ့ကြပါတော့တယ်။
ဆေးရုံကြီက ခြောက်လှန့်လွန်းလို့
စင်္ကာပူလူမျိုးတွေ ကိုယ်တိုင် ၄င်းဆေးရုံ အနီးတစ်ဝိုက်ကို ညပိုင်း မသွားလျင်ပိုကောင်းမယ်လို့ တစ်ယောက်နှင့်တစ်ယောက် သတိပေးကြပါတော့တယ်။
မျက်မြင်သက်သေတွေ ရဲ့ပြောပုံအရ အော်သံများကြားရခြင်း
လူအရိပ်များတွေ့ရှိခြင်း
ထူဆန်းတဲ့အလင်းရောင်တွေ တွေ့ရှိရခြင်းနှင့် စိတ်မနှစ်မျို့ ဖွယ်ရာ အနံအသက်များ ကြုံတွေ့ခဲ့ ကြောင်းသိရပါသည်။
နောက်ထပ် မျက်မြင်သက်သေတွေက တော့ သွေးသံရဲရဲ နှင့် ဂျပန်စစ်သားများ နောက်ပြီး
လူငယ်လေးတစ်ယောက် ဟာအမြဲတမ်း ထိုင်ပြီး ကောင်းကင်ကြီးမေါ့ကြည့် နေတာတွေကို လည်းတွေ့ရှိတက်တာကြောင့် မြင်တွေ့ရတဲ့ မြက်မြင်သက်သေတွေကိုယ်တိုင် ဝမ်းနည်း ရပါ သည်
ဟုဆိုထားပါသည်။
2010 ခုနှစ်မှာ Old Changi Hospital အကြောင်းကို ဆေးရုံကြီးမှာHaunted Changi အမည်ဖြင့် ရုပ်ရှင်ရိုက်ကူး ကြပါသည်
တစ်ချို့ရိုက်ကွက်များသည် တစ်ကဲ့ဖြစ်ရပ်မှန်တွေဟုဆိုထားပါသည်။
ရုပ်ရှင်ရိုက်ကူးနေစဉ်မှာဘဲ ရိုက်ကူးရေးအဖွဲ့အသီးသီးမှာ သေပြီးသားကောင်မလေးကို ပြန်လည်တွေ့ရှိခြင်း
ကျယ်လောင်တဲ့အော်သံများ ကြားရခြင်း ဘယ်ကလာမှန်း မသိတဲ့လက်ဖြင့် ထိတွေ့ခံရခြင်းများရင်ဆိုင်ကြုံတွေ့ ခဲ့ရပါသည်။
ရုပ်ရှင်ထဲမှာပါတဲ့ အရိပ်တစ်ခုဟာ အမှန်တကယ်တွေ့ရှိခဲ့ရတာပါ။
ဂျပန်များသည်စစ်ပွဲတွင် စင်္ကာပူရဲ့အဓိက ကုန်းမြေကိုတော့ တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိပါ။
1965 ခုနှစ်မှာ လွတ်လပ်ရေးရရှိခဲ့ပါသည်။


#ခုနောက်ပိုင်း ကျွန်တော် သရဲစာအုပ်လေးတွေတင်ပေးနေတာပါ စာဖတ်သူများလည်း ကြိုက်ကြလိမ်မယ်လို ထင်ပါတယ်#ဒါလေးက စာစောင်တခုမှာဖတ်လိုက်ရလိုပါ

Sithu win

No comments:

Post a Comment