တခါက အချစ်နတ်သမီးတစ်ပါးရှိသတဲ့...။ အဲဒီ နတ်သမီး အုပ်စိုးနေတဲ့ကာလမှာ လူ့ဘောင်လူ့လောကဟာ အလွန်ကို သာယာဝပြောလွန်းသတဲ့လေ...။ လူသားတွေဟာ တယောက်နဲ့တယောက် ရိုင်းပင်းကူညီကြတယ်..။ ခိုက်ရန်ဖြစ်ပွားတယ်ဆိုတာ လုံးဝကို မရှိသလောက်ပါပဲတဲ့လေ..။
ဒီလိုနဲ့ တနေ့ကျတော့ နတ်သမီးလေးဟာ လူသားတွေကို စမ်းသပ်လိုစိတ်အလွန်တရာ ဖြစ်ပေါ်လာပါတယ်..။ ဒီလို အကြင်နာတရားတွေနဲ့ ပြည့်ဝလွန်းတဲ့ လူသားတွေကို ဘယ်အရာကများ သွေးခွဲနိုင်မလဲဆိုတာကို အရမ်းသိချင် လာသတဲ့..။ ဒီလိုနဲ့ ကောင်းကင်ပြင်တလွှား ရွှေမိုး ငွေမိုး ရွာသွန်းပေးလိုက်သတဲ့...။ ဒီရွှေဒီငွေတွေကို လူတွေ လုရင်းယက်ရင်းနဲ့များ ခိုက်ရန်ဖြစ်မလားလို့လေ..။ ဒါပေမယ့် နတ်သမီး တက်တက်စင်အောင်လွဲသွားခဲ့တယ်..။ လူသားတွေဟာ ရွားသွန်းလာတဲ့ ရွှေတွေ ငွေတွေကို ၀ိုင်းပြီးတော့ စုကြတယ်..။ ပြီးတော့ ဘုရင်မင်းမြတ်ထံ အပ်နှံပြီးတော့ တိုင်းပြည်အတွက် ကောင်းနိုးရာရာတွေကို ဆောင်ရွက်ပေးကြပါဆိုပြီးတော့ တောင်းဆိုနေကြသတဲ့..။
ဒီလူသားတွေကို ဒီလို ဥစ္စာတွေနဲ့ သွေးခွဲလို့မရတဲ့အခါ နတ်သမီးလေးက တမျိုးကြံပြန်ရော..။ ဒီတစ်ခါတော့ သူကိုယ်တိုင် အလွန်တရာချောမောလွန်းတဲ့ မိန်းကလေးအသွင်ဖန်ဆင်းပြီးတော့ လူ့ပြည်ကို ဆင်းခဲ့တယ်..။ ပြီးတော့ သူမဟာ တခြားနိုင်ငံက ဘုရင်မင်းမြတ်ရဲ့ သမီးတော်ဖြစ်ကြောင်း..၊ ဖခင်ရဲ့ စေခိုင်းချက်အရ ကြင်ရာလာရှာတဲ့အကြောင်း..၊ သူမကိုလိုချင်သူများဟာ သိုင်းပြိုင်ပွဲကို ၀င်ပြိုင်ကြရမယ့်အကြောင်း.. ၊ နောက်ဆုံး အနိုင်ရတဲ့သူဟာ သူနဲ့ လက်ဆက်ရမယ့်အကြောင်းကို ကြေငြာမောင်းခတ်သတဲ့..။ ဒီသတင်းကို စကြားတော့ လူတွေဟာ နည်းနည်းတော့ လှုပ်ခတ်သွားကြတာပေါ့..။ ဒါပေမယ့် လူတွေဟာ ခေါင်းအေးအေးနဲ့ စဉ်းစားကြတယ်..။ အချင်းချင်းတိုင်ပင်ကြတယ်..။ ငါတို့ ဒီလိုသာပြိုင်ရမယ်ဆိုရင် အချင်းချင်းတိုက်ခိုက်ရမယ်..၊ ဒါကြောင့် ငါတို့ ယှဉ်ပြိုင်တဲ့အခါမှာ တဖက်သူကို မထိခိုက်အောင်၊ ပြိုင်ဖက်က အနိုင်ရအောင် ပြိုင်ကြမယ်လို့ အားလုံးစိတ်ထဲမှာ ကြံစည်စိတ်ကူးမိသတဲ့လေ..။ ဒီလိုနဲ့ အဲဒီသိုင်းပြိုင်ပွဲဟာ အကာမရှိ အနှစ်မရှိနဲ့ နိုင်သူမပေါ်ပဲ ပြီးဆုံးသွားခဲ့တာကြောင့် နတ်သမီးဟာ စိတ်ပျက်ပြီးတော့ နတ်ပြည်ကိုပဲ ပြန်တော့မယ် ဆိုပြီးတော့ ပြန်ခဲ့သတဲ့..။
စိတ်ညစ်ညူးစွာပြန်လာတဲ့ အချစ်နတ်သမီးဟာ အိမ်ပြန်လမ်းမှာ သူကိုင်ထားတဲ့ သေတ္တာလေးက လွှတ်ကျသွားလို့ လူ့လောကပေါ်ကို ကျရောက်သွားခဲ့တယ်..။ အမြင့်က ကျလာတော့ အဲဒီသေတ္တာလေးက အဖုံးတွေပွင့်ပြီးတော့ အထဲက အရာတွေ အကုန်ထွက်ကျကုန်တာပေါ့..။ နတ်သမီးဟာ အလွန်သတိကြီးစွာနဲ့ အကုန်လုံးကို ပြန်ဆယ်ပြီး သေတ္တာထဲကို ထည့်ဖို့ကြိုးစားပေမယ့် တခုသောအရာကတော့ လူ့လောကဆီကို ကျရောက်သွားခဲ့ပြီလေ..။ အဲတာကတော့ “မောဟ” ဆိုတဲ့အရာလေးပဲလေ...။
အဲဒီ “မောဟ” ဆိုတဲ့အရာလေး လူ့လောကကိုရောက်လာကတည်းက “ဒေါသ၊ လောဘ” တွေဟာ ရှင်သန်ပေါက်ဖွားခဲ့တယ်..။ သာယာဝပြောခဲ့တဲ့ လူ့လောကကြီးဟာ ခိုက်ရန်တွေ တသဲသဲပေါ်ခဲ့ပြီလေ..။ နတ်သမီးဟာ ၀မ်းနည်းလွန်းလို့ သူပိုင်ဆိုင်တဲ့ အချစ်တွေနဲ့ လောကကြီးကို ပြန်လည်အဖတ်ဆယ်ဖို့ ကြိုးစားခဲ့ပေမယ့်.. အလွန်အားကြီးတဲ့ မောဟကို အချစ်ကလည်း မနိုင်ခဲ့ပြန်ဘူးတဲ့လေ..။ နတ်သမီးလေးဟာ ၀မ်းနည်းလွန်းလို့ တရှိုက်ရှိုက်ငိုကြွေးနေခဲ့ရသတဲ့..။ ပြီးတော့ လူ့လောကအတွက် ကျိန်စာတစ်ခုကို ဆိုခဲ့သတဲ့လေ..။ ဒီအချိန်ကစလို့ အေးချမ်းလွန်းတဲ့ ချစ်ခြင်းမေတ္တာတွေကို “မောဟ” ဆိုတဲ့အရာကို အောင်နိုင်မှသာ လူသားတွေပိုင်ဆိုင်စေလို့ မိန့်ခဲ့သတဲ့လေ..
ခုလို ကျွန် တော် ဆိုက်လေးကိုအားပေးတာ thank
Tuesday, August 25, 2015
အချစ်ပုံပြင်(love story)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment