ကားလေးက တရွေရွေနဲ ရပ်စောက်မြို အဝင်သိုရောက်လာသည်။ကားမှာ မြို့အတွင်းသိုမဝင်ဘဲ မြိုအပြင်ရှိ အိမ်ကြီးဆီသို ချိုးကွေသွားသည်။
''ကိုနေထွန်း ရှင် သယ်ချင်းတွေရောက်နေပြီလား ကျွန်မ မြိုအဝင်မှာ ပုလိပ်တွေ နော် ''
ကိုနေထွန်းမှာ မကြားသလို နဲ ကားကို အိမ် ထဲသို ဝင်လိုက်သည်။အိမ်ကြီးပေါ် ပြတင်းပေါက်မှ လူနစ်ယောက်က ကားသံ ကြားလိုထင်သည်။ပြတင်းပေါက်ကို ဖွင်ကြည်လိုက်သည်။ ထို လူနစ်ယောက်မှာ အသက်က50ကျော် လောက် ရှိပေမည်။
''နေထွန်းရောက်လာပြီ ထွန်းတင်''
''ဒီကောင်ရောက်လာမယ်ဆိုတာ သိပြီးသားပါ ''
ကားပေါ်မှ ကိုနေထွန်းတိုဆင်းပြီး အိပ်ပေါ်သို တက်လာသည်။ အိမ်ကြီးမှာ မြိုအပြင်တွင် ရှိတာတကြောင်း။သရဲခြောက် သည်ဟုနာမည်ကြီးတာတကြောင်းကြောင့် လူအသွားအလာ နည်းလေသည်။
''လာ နေထွန်း မင်းကို စောင့်နေတာ ''
''ဟုတ်တယ် နေထွန်း မင်း နဲငါတို ကိစ ရှင်းပြီး ငါတို လူစုခွဲတော့မယ်''
ကိုနေထွန်း မိန်းမ မှ တချက်ပြုံးလျက်
''ကျွန်မတို လည်း ဒါကြောင့် အဝေးကြီးက လာတာပေါ့ ဟင်းဟင်းး''
''ကဲပါ လာရင်းကိစပဲပြောတာပေါ့။ကျွန်တော် အဲပစ္စည်းကိုအင်္ဂလန်က ကျွန်တော်မိတ်ဆွေတယောက်ကို ပြောပြီးသား''
လူးကြီးနှစ်ယောက်မှတချက်စဉ်းစားဟန်ဖြင် ခန နေပြီးမှ
ထိုထဲမှ လူကြီးတယောက်က
''မင်း လူကသေချာလိုလား ငါတိုပစ္စည်းက မှောင်ခိုနော် ပုလိပ်တွေသိလိုမဖြစ်ဘူး''
''အေး ဟုတ်တယ်နေထွန်း ငါတော့ ပစ္စည်းကို ငါလက်ထဲမှာကြာကြာမထားချင်တော့ဘူးကွာ ။ညညဆို အိမ်မက်ဆိုးတွေမက်နေတာ ကောင်းကောင်းအိပ်လိုမရဘူး''
ကိုနေထွန်းမှာ အိတ်ကပ်ထဲမှ စီးကရက် တလိပ်ကိုမီးညိုလိုက်လေသည်။
''ဟုတ်ပြီလေ ဒါဆို ကျွန်တော် မနက်ဖန်ပဲ အင်္ဂလန်က မစ္စတာ လူးဝစ်ကို ဖုန်းဆက်လိုက်မယ်''
လူကြီးနှစ်ယောက်လည်း ညောင်းညိတ်လေသည်။
''ကဲဒါဆို ကျုပ် ပင်ပန်းပြီ ခန နားတော့မယ်ဗျာ အဲ ဒါနဲ ကျုပ်ကို ပစ္စည်းလေးပြပါဦး ကို အောင်ထင်''
ကိုအောင်ထင်ဆိုသော လူကြီးမှာ ခနဆိုကာ လက်ကာပြပြီး အခန်းတခန်းထဲသို ဝင်သွားလေသည်။ပြန်ထွက်လာသောအခါ လက်ထဲမှာ ကတ္တီပါအိတ်တလုံးပါလာသည်။ကိုနေထွန်းရော သူမိန်းမပါ မျက်လုံးများ လောဘဆောနဲ အရောင်လက်လာသည်။ကိုအောင်ထင်ဆိုသောလူကြီးမှာ အိတ်အားဖွင်လိုက်ရာ အရောင်တလက်လက်နဲလင်းနေသော ဘုရားဆင်းတုလေးတဆူပါ။ဆင်းတုကို ရွှေသားဖြင့် ထုထားပြီး ဦးခေါင်ထက် မျက်နာတော်ပေါ်တွင် စိန်ပွင်လေးများ ကပ်ထားသည်။ အားလုံး၏စိတ်အာရုံကို ဖမ်းစားနိင်သည်ကား ဆင်းထုတော်အောက်ခြေမှ ပတ္တမြားကြီးပင်ဖြစ်သည်။
''ိုနေထွန်း စိန်တွေမပါသေးဘူး ပတ္တမြားကြီးနဲကို ဒေါ်လာ၂၀၀၀ခောက်တန်မယ်ထင်တယ် စိန်တွေကလည်း အာဖရိကမှတွေ ခဲတဲ့ စိန် နီတွေ ငါတိုတော့ ပွတာပဲကွ''
ကိုနေထွန်းနဲ သူမိန်းမပါ ဆင်းတုတော်ကိုကြည်၍လောဘ ဆောများဖြင့် မျက်နာများကို ဝင်းလက်နေသည်။
နောက်တရက် တွင် ကားတစီး မြိုအပြင်ရှိ အိမ်ကြီးဆီသို တန်းတန်းမှတ်မှတ်ဝင်လာသည်။
''မစ္စတာ လာပါ ကျုပ်တို ခင်ဗျားကိုမျော်တာ ဟင်းဟင်း''
''Sorry လေယာဉ်ထွက်တာ နောက်ကျသွားတယ် ခုရောက်နေပြီပဲ ''
ကိုနေထွန်းမှာ လှေကားမှဆင်းလာပြီး''မစ္စတာ အပေါ်ကြွပါ ကျွန်တော်ပြောထားတဲ့ ပစ္စည်းလေး''
လူးဝစ်ဆိုသောလူနဲသူတို လေးယောက်အပေါ်တက်တွင် ဆင်းတုတော်အားရောင်းဝယ်လုပ်နေကြသည်။ သူတို ဆင်းတုတော်အား မစ္စတာ လူးဝစ်သို ဒေါ်လာ ၂၃၀၀ဖြင့်ရောင်းချခဲ့သည်။ပြီးနောက်အိမ်ကြီး ၌ပင် ဝေစုများခွဲ ကာ ထွက်သွားကြလေသည်။
''ကဲ နေထွန်း ငါတို လူစုခွဲတော့မယ် မင်းလည်း ဒီငွေ ချမ်းသာပေါ့ ငါလည်း ရှမ်းပြည်ဘက်ထွက်သွားမယ်''
အိမ်ကြီးဆီမှ ကားလေးစီး တစီးပြီးတစီးထွက်သွားကြလေသည်၊။ ၊။
စာဖတ်ပရိသတ်များကို လေးစားလျက်
sithu win
No comments:
Post a Comment