ကျုပ်တို ရုံးရှေက လက်ဖက်ရည်ဆိုင်လေးတွင် ကိုမင်းမောင်အတူလက်ဖက်ရည်သောက်နေ ရင်း ရောက်တက်ရာစကားများကိုပြောဆိုနေကြသည်။
''ကိုမင်းမောင် ကျွန်တော်ကြားဘူးတာ က လေ ဟိုဗျာ သဲလွန်ဇ မကျန်တဲ့အမှုတွေ ကြ ဘယ်လို တရားခံကိုခြေရာ လိုက်လဲလို''
ကိုမင်းမောင် ကျုပ်ကို လက်ဖက်ရည်သောက်ရင်းမှ ကျုပ်ကို တချက်မော့ကြည်လျက် သောက်လက်စ လက်ဖက်ရည်ကိုသာဆက်လက်သောက်နေသည်။
''အင်း ဟုတ်တယ်ဗျ ကိုဝင်းပြောသလို သဲလွန်ဇ မကျန်တဲ့အမူပေါ့ ဒါပေမယ် သဲလွန်ဇ လုံးဝမကျန်တာတော့ မဟုတ်ဘူးပေါ့ ဗျာ လုံးဝမကျန်အောင်တော့ အမူကြူးလွန်မရနိင်ဘူးလေ ။ဥပမာ ဗျာ ကားနဲတိုက်သတ်မယ် ဆိုပါဆို မျက်မြင်သက်သေ မရှိဘူးဆိုရင်တောင့် အနည်းဆုံး ကားဘီး ခြေရာတော့ ကျန်လိမ်မယ်။အဲတာလည်း သဲလွန်ဇပဲပေါ့ ဗျာ''
ကျုပ်လည်း ကိုမင်းမောင်အဖြေကို တကယ်သဘောကျမိသောကြောင့် လေးစားမိပါသည်။ထိုစဉ် ရုံးထဲမှ ပြာတာ မောင်ရွှေ ကျုပ်တိုဆီသို အပြေးလာနေသည်။
''ဆရာ ပုလိပ် မင်းကြီးခေါ်ခိုင်း လိုက်တယ် ဆရာ ''
ဒါဆို ကျုပ်သိလိုက်ပြီ လူသတ်မူ မဟုတ်ဘဲ ကိုမင်းမောင်ကို ပုလိပ်မင်းကြီး ခေါ်လေ့မရှိ ။ လူသတ်မူတောင့် ဟိုဘက် အဖွဲ့ အင်စပတ် ကို ညိုမောင် တို့  မလိုက်နိင်သည်ဟုထင်ရသော ရာဇဝတ်မူအကြီး များဖြစ်မှ ကိုမင်းမောင်ကို ခေါ်လေ့ရှိသည်။
ကျုပ်တိုလည်း ရုံးထဲသို ရောက်တော့ ထင်သည့်အတိုင်း ကိုညိုမောင်တို အဖွဲက မင်းကြီးရှေမှောက်တွင် ယုန်သူငယ်များလိုမျက်နာနဲဖြစ်သည်။
''မောင်မင်းလူလေးတို ကျုပ်တို ဝီတိုရီယ ဘုရင်မကြီး က လူလေးတို့ ဗမာ ပြည် ငြိမ်းချမ်းအောင် အပ်ကြပ်နုတ် ကို တာဝန်ပေးထားတယ် ခု ဘယ် လိုဖြစ်တာတုန်း အင်းစိန် မှာ မနေညက လူသတ်မူ ဖြစ်ပွားတယ် ။သေ ဆုံးသူက ရတနာ ရွှေဆိုင်ပိုင် ရှင် အမျိုးသားတဦး။ ဒီသတင်းကို မြန်မာ အလင်းနဲ သူရိယ သတင်းစာတိုက ခေါင်းစဉ်ကြီးကြီးနဲ ကျုပ်တို ပုလိပ်အစိုးရကို ဖောင်းထုနေတယ် ။လူလေးတို တရားခံကို အမြန်ဆုံးမိအောင် ဖမ်းပေးပါ။''
အင်စပတ် ကိုညိုမောင်တိုအဖွဲမှာ ဇက်မကျိုးအောင် တမယ် ခေါင်းများညိတ်လေသည်။
ကျုပ်လည်း ဒီလောက်ကြီးတဲ့အမူတော့သိပ်မလိုက် ရဲ ကိုမင်းမောင် ဘက်လှည်တော့ကိုမင်းမောင်မှာ ဘာမှမဖြစ်သလိုပဲ ဆေးလိုက်တိုကို ဖွာနေသည်။ပုလိပ်မင်းကြီးမှာ ဒီလိုအပြုအမူမျိုးက အနောက်တိုင်းရင်းသားတွေအတွက် ရိုင်းပေမယ် ကိုမင်းမောင်ကိုတော့ ဘာမှမပြောခေ။ကိုမင်းမောင် ကလည်း အရေးကြီး သော အမူတွေ ဖော်ထုတ်နိင်သောကြောင့် ပုလိပ်မင်းကြီး၏ အရေးပေးမူကိုခံရခြင်းဖြစ်နိင်သည်။ကိုမင်းမောင်က ချိန်ခွင်လိုလူစားမျိုးဟုကျုပ်ထင်သည်။ အမူလိုက်လျှင် တရားဥပဒေထက် ကိုယ်ချင်းစာတရားကိုရှေတန်းထားတက်သည်။ကိုမင်းမောင်ကို လိုက်ပြိုင်နေသူကား အင်စပတ် ကိုညိုမောင် တို့အဖွဲဖြစ်သည်။ခုလည်း အင်းစိန်မှာ လူသတ်မူ ဖြစ်သည်ဆိုတာနဲ ကျုပ်တို့ထက်အရင်ရောက်အောင်ထွက်သွားလေတော့သည်။အချိန်တန်တော့ လည်း ကိုမင်းမောင်သာ တရားခံကို ဖမ်းမိစမြဲပါပဲ။
ကျုပ်တိုလည်း ပုလိပ်မင်းကြီး တရားချတာ နားထောင်ပြီး လူသတ်မူဖြစ်ရာ အင်းစိန် ဘက်သို ဂျစ်ကားလေးဖြင့် ထွက်လာခဲ့သည်။
အင်းစိန်သိုရောက်သည်နဲ အိမ် မည်းကြီးတအိမ်၌လူများစုဝေးနေကြသည်။ ကိုညိုမောင်ဘေးမှာ လည်း မျောက်ပွဲအလား လူများဝိုင်းကြည်နေကြသည်။ကျုပ်လည်း သူပုံကြည်ပြီးစချင်တာနဲ
''ဘယ်နဲ ကိုညိုမောင် လက်ထဲမှာလည်း မှန်ပြောင်းကြီး နဲ သဲလွန်စတွေရောတွေရဲလားဗျ။''
ကိုညိုမောင်က လူအများရှေရင်ကော့ကာ
''ဟင်းဟင်း ဒီအမူက လွယ်ပါတယ် သေဆုံးသူက ရင်ဘက်မှာ ဓါးထိုးခံရတယ်ဆိုတော့ အိမ်ဖော်တွေကို စစ်လိုက်ရင်အဖြေပေါ်မှာပါ။တရားခံကို ဖမ်းပေးပါမယ် ''ဟု လူအများရှေတွင် ဂုဏ်ယူဝင့်ကြွားစွာ ပြောနေသည်။ ကိုမင်းမောင် က သေဆုံးသူအား သေချာကြည်နေသည်။သေသူမှာ အသက် 50ကျော် ဖြစ်ဟန်တူသော်လည်း ခနာကိုယ်မာ သန်မာလှသည်။ ကို မင်းမောင် သေသူအခန်းထဲတွင် လည်ပတ်စစ်ဆေးနေသည်။ပြီးနောက် ခြံထဲသို ဆင်းသွာြး့ပီး ခြံစည်းရိုးတွေကို သေချာစွာ ကြည်နေသည်။ကျုပ်လည်း ကိုမင်းမောင်ဘာတွေ သဲလွန်ဇ ရလဲသိချင်တာနဲ သူအနားတိုးပြီး ခြံစည်းရိုးကို ကြည်နေမိသည်။
''ကို ဝင်း ဟိုးအပင်နားက ခြံစည်းရိုးကို ကြည်ကြည် နည်းနည်းဟနေတယ်ဗျ။ တရားခံက အဲနေရာက ဝင်လာတာ ။လာ ကျွန်တော် ထပ်ပြမယ်'' ''ဒီမယ် တွေလား မြက်တွေ ''ကျုပ်လည်း ကိုမင်းမောင်ပြသည်ကို ကြည်ကြည်သည် မြက်တွေပဲမြင်ရသည်။
'' အင်း ကိုမင်းမောင် မြက်တွေလေ ဘာမှ ရှိပါဘူး''
''အင်း မြက်တွေတော့ဟုတ်တယ် ဒီမြက်တွေက တခြားမြက်တွေလို ထိုးထောင်မနေဘူးဗျ ဒါ တရားခံက နောက်ဘေးအပေါက် ကိုသွားဖို ဒီကလာခဲ့တာ။သူ စီးလာတာက ဖိုးဖိနပ်ပဲ ခြံစည်းရိုးပေါ်က ရွံတွေရယ် ခုအနင်းခံထားရတဲ့ မြက်တွေကြည်ရင်သိနိင်တယ်''ကျုပ်လည်း ခေါင်းညိတ်လေသည်။ကိုမင်းမောင်လည်း ကားဆီသို သွားလေသည်။ ကျုပ်လည်း နောက်မှလိုက်၍
''ကို မင်းမောင် ဘယ်သွားမလဲ ''
''တရုတ်တန်း ဘက်ကို ခနမောင်းဗျာ''
ကျုပ်တိုလည်း ထိုင်နေကျ တရုတ်အဖောင်ဆိုင်ရှေတွင် ကားရပ်လိုက်သည်။ ကျွုပ်တို ဆိုင်ထဲဝင်သည်နှင် ကောင်တာမှ ဆိုင်ရှင် အတီးမှ
''ဆရာ ကီးတို အတွက် ဆွဲစားနစ်ပွဲဟေ့ ''ဟုမီးဖိုထဲအော် လိုက်သည်။
ကိုမင်းမောင် နဲကျွန်တော်တိုက ဒီဆိုင်မှာ နေတိုင်းလိုလို ထိုင်ဖြစ်ကြသည်။
''ကို မင်းမောင် အမူအခြေအနေလည်း ပြောပါဦးဗျ''
ကိုမင်းမောင်လို ခေါ်တာက ကျုပ်ထက်အသက်ကြီးလိုမဟုတ်ပေ မင်းမောင်က ကျုပ်ထက်ကိုပင်ငယ်သေးသည်။ကျုပ်က ရိုသေ သမှုနင့် ကိုတပ်ခေါ်ခြင်းဖြစ်သည်။
''ဒီအမူက စိတ်ဝင်စားဖိုကောင်းတယ် ကိုဝင်း လူသတ်တရားခံက အစီအစဉ်တကျသက်တာ သူတို မသေခင်မှာလည်း ဖိုက်တင်ခဲ့သွားသေးတယ်။ ''
''ဟင် ဟုတ်လားဗျ ဒါဆို တရားခံက ကိုယ်ခံပညာအတော်တက်လောက်တယ်။ ခု သေသူမှာလည်း မခေလောက်ဘူးနော်''
''အင်း ကျွန်တော် သေဆုံးသူရဲအိတ်ထဲက စာရွက်တရွက် တွေတယ် အဲပေါ်မှာ သွေးနဲ ရေးထားတဲ့ စာကိုတွေတယ်။ ''
ထိုစဉ် စားပွဲထိုးကောင်လေးမှ ခေါက်ဆွဲ လာချပေးသဖြင့် ကိုမင်းမောင် စကားကို ခန ဖြတ် ထားသည်။ စားပွဲထိုးလေးပြန်သွားတော့မှ
''ကိုမင်းမောင် ဘာစာလဲဗျ အဲပေါ်မှာရေးထားတာ''
''သေမင်းတမာန့် တဲ့''
အပိုင်း(4)ကို ဆက်လက်ဖတ်ရှုအားပေးပါဦးဗျာ
sithu win
No comments:
Post a Comment